Wednesday 18 September 2019

[Review] Bottega Verde - Shower Gel

 မြန်မာ  လို  review အတွက် အောက်ကို scroll down လုပ်ပါ ^-^

[ENG]













မင်္ဂလာပါ ~♡
ဒီတစ်ခါ quality လဲကောင်း price လေးလဲကောင်းတဲ့ shower gel လေးနဲ့မိတ်ဆက်ပေးပြီး review share ပေးပါမယ်
ITALY မှ Natural Skincare and Body care products brand တစ်ခုပါ
Name လေးကတော့ " Bottega Verde " ပါ၊
World heritage ထဲပါတဲ့ Tuscany region ကနေ1972 မှစတင်လာခဲ့ပါတယ် ( according to their website)
အဲ့ brand ကို (Parkson) Junction Square မှ တွေ့ဖြစ်တာပါ၊ Counter Display လေးကိုကြည့်ပြီး စိတ်ဝင်စားလို့ ကြည့်ဖြစ်တာကနေစပြီး products တွေပါဝယ်ဖြစ်သွားတာပဲ 😊 🛍
Body care, skincare soap, body mist စတာတွေစုံလင်တာပေါ့လေ.. body mist တွေမှာတော့ tester ရှိပါတယ် . Shower gel ကတော့
ဘူးဖွင့်ပြီးအနံမွှေးလို့ရပါတယ် whitening ဖြစ်တယ် အစရှိတာတွေတော့သိပ်မရှိဘူးပေါ့ (ထင်တာပဲ မေးခဲ့တာတွေ မေ့ကုန်ပြီ 😑😑 ဆိုင်ရောက်မှ
ထပ်ပြန်မေးကြည့်ရမယ်)
Chemical သိပ်မပါပဲ ပန်းတွေနဲ့ပဲပြုလုပ်ထားပါတယ်
ဆိုင်မှာကြိုက်တာတွေtest လုပ်ပြီး
ကိုယ်တွေ sister ၂ယောက်အတွက် shower gel ၂ဘူးရယ် shower gel မကြိုက်တဲ့ မေမေ့အတွက် soap ၁ခုဝယ်လာခဲ့ပါတယ် 😏😏
● ၂ဘူးလုံးရဲ့ ပန်းနံလေးတွေကတော့ လန်းဆန်းပြီးbody မှာ ရနံ သင်းသင်းလေးကျန်ခဲ့ပါတယ်
Packing လေးကလဲ simple ပဲ 😍
အခုတော့ ခရမ်းဘူးလေးကုန်သွားပြီ အပြာဘူးလေးဆက်သုံးနေပါတယ်
●ခရမ်းဘူး - Violetta ပါ၊ Violet (Viola) ပန်းတွေနဲ့ပြုလုပ်ထားတာပါ၊ western poets တွေရေးကြတဲ့ "Roses are red,violets are blue" အဲဒီ ထဲမှာပါတဲ့ ပန်းလေးတွေပါ fragnance တွေထုတ်တဲ့ ထဲမှာmain plants ပါ၊
● အပြာဘူး- Iris -spring flower ဖြစ်တဲ့ Iris ပန်းနဲ့ပြုလုပ်ထားပါတယ်
ဆိုင်ကိုနောက်မရောက်ဖြစ်မှာဆိုးလို့ spare အနေနဲ့ ကြုံတုန်း အဖြူ၁ဘူး ထပ်ဝယ်ထားလိုက်တယ်
အဲ့ဖြူရနံလေးက ဘူးပြာထက်ပိုကောင်းတယ်ထင်ပါတယ်
ရနံတွေပဲကွာသွားတာပါ အာနိသင်ကအတူတူပါ
● အဖြူဘူး- Iris Bianco- white iris ရယ် milk ရယ်ပါဝင်ပါတယ်
ဘူးအားလုံး 400 ML ပါ
၁ဘူး 12000 Ks ပါ
● မေမေကတော့ ဆပ်ပြာတုံးမသုံးရသေးဘူးတဲ့ အဲ့တော့ သုံးပြီးတော့မှပဲ update ပေးပါတော့မယ် 😚
ဒါလေးကတော့ Short review လေးပါ ~ thanks for your time ^-^
☘️💕💎
have a lovely weekends all of our readers ^-^~
see you next time ..

No comments:

Post a Comment