Sunday, 31 December 2017

လှပသော Florence ( Italy) Firenze သို့အလည်တစ်ခေါက် 🇮🇹《Part 2》🚉💨


လှပသော Florence ( Italy) Firenze သို့အလည်တစ်ခေါက် 🇮🇹《Part 2》🚉

// Part 1 //
Part 2 ဆိုပေမဲ့ Florence မှာနေတာ ၃ ရက် ထဲပါ ။ 2nd day မှာ Venice သွားပါတယ် 
Venice သွားလည်တဲ့ အကြောင်းကို သပ်သပ် ရေးပါမယ်နော် 🤗😍၊ 
ဒီနေ့ 3rd day 👻👻
မြို့ထဲ လည်မယ်ဆိုတော့ (၉း၃၀ AM ) လောက် hotel ကထွက်မယ် စဉ်းစား ထားပါတယ်။ Breakfast အတွက် 
( ၈း၃၀ AM) လောက်သွားစားပါတယ်၊ Twins တို့တည်းတဲ့ hotel ရဲ့ breakfast ထဲမှာ chocolate croissant ကို
 အကြိုက်ဆုံးပါ နူးညံပြီးအိဆက်နေတာပဲ photo ရိုက်ဖို့တော့မေ့သွားတယ် 😑😑
မြို့ထဲလည်ရင် free walking tour နဲ့လဲ join နိုင်ပါတယ် Europe က free walking tours တွေခေတ်စားပါတယ် English or Spanish language တွေနဲ့ အဓိက communicate လုပ်ပါတယ် tour ပြီးသွားရင် tips ပေးရပါတယ် မပေးလဲရပါတယ် ပေးတာကတော့ကောင်းတာပေါ့ 😊😊၊  မြန်မာမှာလဲ free walking tour ရှိပါတယ် 
အရင်တုန်းက florence main landmarks တွေကို tour နဲ့ ပဲ join ပြီးသွားမယ်ပေါ့ ဒါပေမဲ့ self tour ပဲလုပ်တော့မယ်
ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ် Architecture နဲ့ပတ်သက်ပြီးစိတ်ဝင်စားရင် အသေးစိတ်လည်ပတ်စရာတွေများပါတယ်၊


( The Basilica di San Lorenzo - one of the largest churches of Florence )

Hotel နဲ့အနီဆုံးသွားကြည့်ရမဲ့ နေရာက Medici 🕍 Chapel (Cappelle Medicee) ပါ၊ free entry ဖြစ်ပြီး အထဲမှာ ကျယ်ဝန်းပါတယ် open type ပါ visitors တွေသိပ်များပါ၊ worship လုပ်တဲ့နေရာများစွာထဲက တစ်နေရာပါ၊ အဲ့မှာလေ့လာပြီး 
museums တွေလဲများပါတယ် museums တွေထဲဝင်မယ်ဆို tickets တွေကြိုဝယ်ထားရပါတယ် ( holidays season) Museums ထဲတော့ twins တို့မဝင်ခဲ့တော့ပါ၊ Historic walking area အတိုင်း လျှောက်ရင် အဓိကသွားရမဲ့ places တွေကိုရောက်ပါတယ် လမ်းတလျှောက် ဆိုင် တွေကြီးပဲ local stores တွေများပါတယ် local stores ဆိုပေမဲ့ brands တွေကြီးပဲ 😍😍 




( Piazza del Duomo )

🕍Piazza del Duomo နေရာမှာရှိတဲ့ Cathedral of Santa Maria del Fiore (church) ကလဲ main attraction place ပါပဲ၊ Art ပိုင်ဆိုင်ရာကတော့ တော်တော်ခမ်းနားပါတယ် marble ကျောက်တွေနဲ့ပဲ ဆောက်ထားတာပါ၊ အဲ့အထဲကိုဝင်လေ့လာနိုင်ပါတယ် queue များလို့မဝင်တော့ပါ၊ ကိုယ်တွေရဲ့ final destination က 🕍 Pitti palace ထိဆိုတော့ သွားရမှာ အနည်းငယ်ဝေးပါတယ်။ မိုးအုံသလိုသာဖြစ်နေတာ တော်တော် ပူတော့ မလွယ်ပါဘူး Italy ကိုအဲ့လောက်ပူမယ်မထင်😥😥🍃
သူတို့ရဲ့ leather market ကိုလဲဝင်လည်နိုင်ပါတယ် twins တို့၂ယောက်က leather အနံ မခံနိုင်ပါဘူး ဒါကြောင့် leather market ထဲမဝင်ပဲဘေးကပတ်ခဲ့ရတယ်. Market အထွက်နားမှာ Boar fountain statue ( Fontana del Porcellino) ရှိပါတယ် . Bronze နဲ့လုပ်ထားတာပါ ၊ Boar ပါးစပ်ထဲ ပိုက်ဆံ အကြွေစေ့ပစ်ထဲ့ပြီး ကျလာတဲ့အကြွေစေ့ကိုဆောင်ထားရင် Good fortune တွေကို သယ်ဆောင်ပေးတယ်လို့သိရပါတယ်၊ အကြွေစေ့က သံပန်းအောက်ခြေကိုကျသွားရင်
နောက်တခါထဲ့ရပါတယ်၊ 


(Boar fountain statue - Fontana del Porcellino) 


Michelangelo , Perseus, Neptune (Fountain) Statue တွေက များမှများ 


                                                                          (David by Michelangelo) 

( Hercules and Cacus )                                           ( Perseus with the head of Medusa) 

 ( Loggia dei Lanzi - Outdoor museum )

Europe နိုင်ငံတွေကတော့ အနုပညာတော်တော်မြောက်တဲ့ အဆောက်အဦးတွေ ရုပ်ထုတွေ နဲ့ပြည်နက်နေတာပဲ ၊ Hanmade items လေးတွေကလဲလှမှလှ Florence မှာ pinocchioအရုပ်တွေကို souviner ရောင်းတာများတယ် နောက်ပြီး handmade ဖန်ချက်ရုပ်လေးတွေ , handmade jewelry တွေ , leathers တွေများပါတယ် ပြီးရင် Gelato (italian ice cream) တွေ, spagahtti , pizza တွေများများစား 😁😁 Gelato က very soft ဖြစ်တယ် ice သိပ်များဘူး 




( Gelato Shop 🍨)                                                        (Santa Croce) 
နောက်ပြီး လမ်းတလျှောက် street artists တွေများတယ် သူတို့အနုပညာကို ပြသတယ်ပေါ့ street painting တွေ တစ်ကိုယ်တော် music show တွေ group music show တွေများမှများ ကိုယ်တွေက painting ကြိုက်တော့ 
အဲ့ဘက်ပဲသွားကြည့်တယ်😆 တော်လည်းတော်ကြပါတယ်🤗



 နောက်တစ်ခုက window shopping ဆိုတော့ မျက်စိကို မအားရဘူး 😂😂 အဲတာနဲ့ဆက်လျှောက်ရင်း one of the world famous bridge ဖြစ်တဲ့ Ponte Vecchio ကိုရောက်သွားပါတယ် ဒီ bridge က WW II တုန်းက ၁ခုထဲသော အဖျက်စီးမခံရတဲ့ တံတားပါ


(Ponte Vecchio - Bridge)


(Arno River view from Ponte Vecchio )

 တံတားတလျှောက် ဈေးအကြီးဆုံး jewelry ဆိုင်တွေကိုတွေ့ရမှာပါ များသောအားဖြင့် handmade တွေပါ desings တွေကလဲ ထူးထူးခြားခြားလေးတွေ ပါတယ်လှလဲလှတယ် 😍😍 bridge ကနေဆက်သွားရင် Pitti Palace ကိုရောက်ပါတယ် အထဲကိုဝင်မယ်ဆိုရင် ticket ဝယ်ရပါမှာ ကိုယ်တွေရဲ့ destination ကပြီးပါပြီ 


(Pitti Palace) 

ကြားထဲမှာ ရောက်ခဲ့တဲ့နေရာတွေက Piazza Santa Croce ( one of most famous church in Florence) ပါ အဲ့နေရာမှာ Michelangelo , Galileo တို့ကိုမြုပ်နှံခဲ့ပါတယ် Palazzo Vecchio (Museum and historic building) ခရီးစဉ်လေးကတော့ နေ့လည် ၂ နာရီကျော်လောက် pitti palace မှာပြီးသွားပါတယ် museums တွေထဲတော့မဝင်ဘူးပေါ့နော် 



၂နာရီနောက်ပိုင်းကတော့ ကိုယ်တွေရဲ့ shopping time ပါ၊ Shopping ထွက်ရင်းနဲ့ ဈေးနှုန်းချိုသာတဲ့ Italy Cosmetics brand တစ်ခုကိုတွေ့ပါတယ် " Kiko Milano "ဆိုတဲ့ brandပါ၊ Italy မှာတော့
 ဈေးနှုန်းတော်တော်သက်သာပါတယ် € 7 လောက်နဲ့ lip stick ၁ချောင်းရပါတယ် Italy ရောက်ရင်တော့ check ကြည့်သင့်တဲ့ brand ပါ 😘😘 နောက်၁ခု  ကshoe brand " Ballerette & ROMA "ပါ ဘဲလေး ဖိနပ် designsလေးတွေရောင်းတဲ့ brand ပါ၊ designs လေးတွေ စုံလင်ပြီး comfort ဖြစ်ပါတယ် 😍 
နောက်ပြီး italian and french တွေက တော်တော်စပ်စုတယ် တွေ့တဲ့လူတိုင်း where are you from ပဲမေးနေတာ 😑😑 friendly ဖြစ်တယ်ပေါ့ကိုယ်တွေ က Myanmar လို့ပြောရင် တစ်ချို့က မသိကြဘူး Burma or bermanie လို့ပြောမှသိတယ် 😑 

Clothing တွေကလဲ တော်တော်တန်တယ် သူတို့ summer မှာရောင်းတဲ့ designs တွေက ygn weather နဲ့အကိုက်ပဲ
"OVS" clothing brand က H&M, Cotton On , Primark မျိုးပဲ ဈေးနှုန်းလဲသင့်တော်တယ် ပြီးတော့ hotel နားက Piazza Italia (clothing mall) ကိုဝင်ဝယ်ပါတယ် သူတို့ shopping malls တွေက အဝင်ဝလေးကသေးသေးလေး အထဲမှာတော့တခမ်းတနား တွေပါ 😯
ညနေ၇နာရီလောက်မှတော့ ပြန်အနားယူပါပြီ ~ 



ဒါလေးကတော့ twins တို့ရဲ့  lunch ပါ 😘


Italy မှာ သောက်လို့ကောင်းတဲ့ blueberry juice ပါ 🥂

HOTEL မှ family room မှာ ၃ရက်နေသောအနေဖြင့် present လေးပေးတာပါတဲ့ 🍾😋 Toscana (Tuscany) Wine 

 လှပသော Florence ( Italy) Firenze သို့အလည်တစ်ခေါက် ခရီးစဉ်
 လေးကတော့ဒီမှာတင် ပြီးသွားပါပြီ 😊♥️✨ 
စာဖတ်သူအားလုံးပဲနှစ်သက်ကြမယ် လို့ မျှော်လင့်ပါတယ် 🤗☘ Wishing you good luck in the coming year ~🌟





dxsad💨

Thursday, 21 December 2017

လှပသော Florence ( Italy) Firenze သို့အလည်တစ်ခေါက် 🇮🇹《Part 1》🚉💨

လှပသော Florence ( Italy) Firenze သို့အလည်တစ်ခေါက် 🇮🇹《Part 1》🚉💨
Italy နိုင်ငံက Florence လို့နံမည်ကြားတာနဲ့ readers တို့ ဘာတွေပြေးမြင်လဲမသိဘူး 😚
Twins တို့ကတော့ Florence လို့ကြားတာနဲ့ ပန်းတွေနဲ့ဝေဆာနေတဲ့
မြို့တစ်မြို့ အနုပညာ Art, Historical buildings တွေနဲ့
ပတ်သက်တဲ့မြို့တစ်မြို့လို့ မြင်ပါတယ်
----
Florence (Firenze) ကို Twins တို့ က Germany Munich မြို့ ကနေ ရထားစီးပြီး သွားပါတယ်။ train ticket ဝယ်ရတာ ခေါင်းစားတဲ့အလုပ်တစ်ခုပါ၊ ပုံမှန်ဆို လွယ်ပါတယ်၊ သူတို့ရဲ့ summer holidays ဆိုတော့ ကျပ်တာပေါ့ 🙁
○ Train ticket ကို Go euro က နေ ဝယ်လို့ ရပါတယ် Go euro ကနေ ဘယ် trains တွေက ဘယ်အချိန်ဘယ်နေ့ ထွက်မလဲ ဆိုတာ ကြည့်လို့ရပါတယ် Go euro က သုံးရတာ အဆင်ပြေပါတယ် train, air ticket တွေကို buy လို့ရပါတယ် ။ payment type က visa ,master ,american express ပါ ○
♡ အဲဒီတုန်းက twins တို့ ရဲ့ မေမေနဲ့ travel တာဆိုတော့ night train လဲမစီးချင်ဘူး၊hotel တွေက နေ့ခင်း 2 PM မှ check inလုပ်ရတာဆိုတော့အစောကြီးရောက်သွားရင် luggage တွေနဲ့ မဖြစ်ဘူး ၊
bus ကတော့ မဆိုးဘူး၊ twins တို့က bus နဲ့သွားချင်တာ မေမေကမူးတယ်ဆိုတော့မဖြစ်ပြန်ဘူး။ direct florence ကိုရောက်တဲ့ train က night time ပဲရှိလို့ နောက်ဆုံး နေ့ခင်းဘက် 1 change train နဲ့ပဲ စီးလိုက်ရတယ် 😌😌၊ Italy Bolgona မြို့မှာ 45 min နားပြီး Florence ကိုသွားတဲ့
trainလမ်းကြောင်းကိုရွေးလိုက်ပါတယ်၊
Munich to Florence Train ticket ကို munich ရောက်မှဝယ်ပါတယ် ၊ munich မှာ၃ညအိပ်ဆိုတော့ ရောက်ရောက်ချင်း ticket ဝယ်လိုက်ရင်
အဆင်ပြေပါတယ်


○ Florence မှာ ၃ ရက်လောက် နေမယ် လို့ twins တို့ plan ထားပါတယ် ။ Florence မှာ နေ ပြီး Vineice ကို နေ့ချင်းပြန် လည် မယ်လို့ twins တို့
မေမေ နဲ့ plan ထားတယ် အချိန်ရရင် Pisa ကို လည်မယ် ပေါ့ ○
♡ Munich ကနေ နံနက် 9:34 AM မှာ train စစီးတယ် Florence ကိုညနေ 5 :59 PM မှရောက်မှာဆိုတော့ တစ်ခါထဲ lunch ပါဝယ်လိုက်ယ်. Italy Bologona မြို့ကို transit အနေနဲ့ 4:20 PM ရောက်ပြီး 5:25 PM မှာ Florence ကိုထွက်မဲ့ train ပြောင်းစီးရမယ် ၊ Train ပေါာမှာလဲ အစားအသောက်တွဲပါ ပါတယ်၊ Europians တွေက burger ထက် sandwich ပိုကြိုက်ကြတယ် * europe တခွင်မှာရေဝယ်သောက်ရတာခက်ပါတယ် ဘာလို့လဲဆိုတော့ soda water တွေများပါတယ်၊ဒါပေမဲ့ europe မှာ
ရေဘုံပိုင်တွေက သောက်လို့ရပါတယ် mineral water တွေပါ ဒါပေမဲ့
ကိုယ်တွေကရှည်ပြီး water bottle တွေဝယ်သောက် ပြီးတော့ soda water တွေဖြစ် 😂😂 evian ကအပေါဆုံးပဲ 😄😄






○ Munchin - Florence ရထားလမ်းပတ်ဝန်းကျင်ကတော်တော်သာယာပါတယ်
Germany - Austria - Italy border တွေကိုဖြတ်သွားပါတယ် ၊Germany နဲ့ Austria weather ကနေလို့ကောင်းတယ် summer ဆိုပေမဲ့ မိုးရွာပြီး တောင်ကြီးရာသီဥတု၊ Italy ကတော့ Myanmar summer အတိုင်းပဲ ကိုယ်တွေတောင် Tanned skin လုပ်ပြီးပြန်လာတာ 😆😆 ကိုယ်တွေ ရောက် တဲ့နေ့မှာ florence က သိပ်မပူပါဘူး😊
Vience မြို့ , Rome မှာပဲ တော်တော်လေးပူတာ😑😑
Italy ထဲစဝင်လာတာနဲ့ စပျစ်စိုက်ခင်းတွေကိုတွေ့ရပါတယ်
♡ Munich ကနေစထွက်ခြင်းကိုယ့် Train cabin ပေါ်မှာ twins တို့ family ၃ယောက်ရယ် ဘေးက German ကောင်းလေး၁ယောက်ရယ်ပဲပါတယ်
နောက် stations တွေမှာတော့ဆင်းလိုက်တက်လိုက်နဲ့ . တော်ောတ်များများ germany and austria station တွေမှာဆင်းကြတာပါ၊ train ပေါာမှာအေးအေးဆေးဆေးပဲ german train cabin နဲ့ french train cabin ကထိုင်ရတာအဆင်ပြေတယ် Italy Bolgona မြို့ကိုရောက်ပြီ အဲ့မှာကိုယ်တွေစီးလာတဲ့ train က ဂိတ်ဆုံးပဲ luggage တွေနဲ့ အေးဆေးဆင်းလို့ရတယ် အဲ့တာကြောင့် ၁နာရီလောက် ကြာချန်ကိုရွေးလိုက်တာလဲ
ပါတယ် train အဆင်းအတက်က luggage ကြီးတွေနဲ့ဆိုအဆင်မပြေဘူး ၊ Bologona station ( Italy train station တွေက underground) underground မှာတော်တော်အထပ်များတယ် ကိုယ်တွေ Florence ကိုစီးမဲ့train က Milan မှာဂိတ်ဆုံး train ပေါာတက်လိုက်တော့ လူတွေအပြည့်ပဲ seat ကလဲကြပ်ကြပ် ကွာပ german train နဲ့ 😋😋
* europe မှာက train ticket ဝယ်ရင် seat booking လုပ်ထားတာပိုစိတ်ချရတယ် မဟုတ်ရင် သူများတွေလာရင်ထပေးလိက် free seats တွေသွားရှာလိုက်နဲ့ မျက်နှာငယ်ရတယ် 😑😑 ကိုယ်တွေကတော့ ခရီးစထွက်ကတည်းက seat booking လုပ်ထားတယ် money တော့ပိုပေးရတာပေါ့




○ ညနေ 5:59 PM မှာFlorence station ကိုရောက်ပါပြီ၊ europe trains
တွေက ထွက်ချိန် ရောက်ချိန် တိကျတယ် *ကိုယ်အချိန်တိကျမရောက်ဘူး
ဆိုရင် နောက် train မှ ticket ဝယ်ပြီးလိုက်ရတယ်၊ Hotel ကို Downtownနဲ့လဲနီး station နဲ့လဲနီးတဲ့ Hotel ၁ခုကို booking လုပ်ထားပါတယ် ၊ Florence မှာက Main station ဖြစ်တဲ့ Firenze S.M.N ကို စီးရမှာပါ. Hotel ကတော့ 3 stars ပါ ..
* Europe ရဲ့ Hotels တွေ ကို၁ခုကြိုက်တာက သူတို့Hotel တွေရဲ့ရှေ့မှာ အဆင့်သတ်မှတ်ချက် stars လေးတွေရေးပြထားကြတယ် ၊ Station ရောက်လို့ Hotel ကို walking ရင် 10 mins ဒါပေမဲ့ Taxi ပဲစီးလိုက်တော့တယ် သူတို့တွေလဲ 1way road တွေ ဆိုတော့ပတ်မောင်းတာပေါ့ ကိုယ်တွေကတော့ Phone GPS ဖွင့်ထားပါတယ်. Europe တခွင်သုံးလို့ရတဲ့ Phone sim card ကို Paris မှာကတည်းကဝယ်ထားလိုက်တယ် myanmar ကိုပြန်တဲ့ထိသုံးမကုန်ပဲ 😊😊
Twins တို့တည်းတဲ့ Florence Hotel name က Hotel Machiavelli Palace ပါ




Hotelရဲ့ entrance ကတော့ europian designs အတိုင်းကျင်းတယ်၊ Twins တို့ room က family type, 3rd Floor မှာပါ၊ Room style က classic style ရှေးဗီဒို ကုတင်တွေနဲ့ နောက်ပြီး spot light မီးလေးတွေကြီးပဲ၊ Twins တို့ family ကတော့ တည်းလာသမျှ europe hotels တွေထဲမှာ ဒီ hotel ကိုအကြိုက်ဆုံးပဲ






ခဏနားပြီး ညစာထွက်စားရအုံးမယ်လေ ည၈နာရီဆိုပေမဲ့ နေ့ခင်း၃နာရီအတိုင်းပဲ နေမဝင် empire များဆိုတာမှန်တယ် 😥😥
ဒါပေမဲ့သူတို့က ညနေ၆ , ၇ နာရီဆို ဆိုင်တွေပိတ်ကြပြီ Restautants, Bars တို့လောက်ပဲ ၉, ၁၀နာရီလောက်ထိဖွင့်ကြတယ် Twins တို့နားက Pizza ဆိုင်ဆို ဘယ်အချိန်ပိတ်မှန်းမသိဘူး တရေးနိုးလို့ ထကြည့်ရင်တောင် မပိတ်သေးဘူး နံနက်ဆိုရင်တော့ ၁၀နာရီမှဖွင့်ကြတာတာများတယ်
ည၈နာရီလောက် Hotel နားကဆိုင်တွေပတ်ကြည့်ပြီး နီးစပ်ရာ ဆိုင်မှာပဲ Spaghatti စားလိုက်တယ် Italy ရောက်ရင် သူတို့ရဲ special drink ဖြစ်တဲ့ Spritz သောက်ကြည့်လို့မှာလိုက်လို့ သောက်ကြည့်တာမဆိုးဘူးပဲ ("Spritz" is a wine-based cocktail commonly served as an aperitif in Northeast Italy )
Restaurant La Falterona
ဆိုင်အပြင်အဆင်ကတော့ classic ပဲ
Twins တို့ ၂ယောက် Spaghatti ကြိုက်တဲ့သူတွေဆိုတော့ ရှယ်ပဲ original taste တွေ၁ခုပြီး၁ခုtry မယ်ပေါ့ တကယ်တမ်းကြတော့၁ပန်းကန်ကို မနည်းစားရတာ 😂😂 ဘေးဝိုင်းက ကလေးတောင် pizza တချပ်ကြီးကိုကုန်အောင်စားနိုင်တယ် pizza က ygn က large size နဲ့ ညီမျှတယ် ဒါကြောင့် သူတို့လူကောင်တွေထွားကြတာလို့တွေးလိုက်ပါတယ်






နောက်ပြီး Florence မှာ Bangladeshi တွေတွေများတယ် street market မှာ ဈေးရောင်းကြတာ Florence က leather ထွက်တော့ အဲ့တာတွေရောင်းတာ bargain လုပ်လို့ရတဲ့ဈေးပေါ့
Leather bag ကောင်းကောင်းဝယ်ချင်ရင် တော့ မြို့ထဲက Florence leather brand ဆိုင်တွေမှာဝယ်နိုင်ပါတယ်
Ok ! အခုစားသောက်ပြီးသွားလို့ အနားယူပါပြီ
နက်ဖြန်ကတော့ Veneice မြို့သွားမှာ အဲ့အကြောင်းကတော့နောက်မှရေးတော့မယ်
နောက် part 2 မှာ Florence မြို့ထဲ လည်ပတ်တာရေးပေးမယ်နော်
-- Thanks for your time and continue for Part 2😘✨  Part 2