လှပသော Florence ( Italy) Firenze သို့အလည်တစ်ခေါက် 🇮🇹《Part 2》🚉
// Part 1 //
Part 2 ဆိုပေမဲ့ Florence မှာနေတာ ၃ ရက် ထဲပါ ။ 2nd day မှာ Venice သွားပါတယ်
Venice သွားလည်တဲ့ အကြောင်းကို သပ်သပ် ရေးပါမယ်နော် 🤗😍၊
ဒီနေ့ 3rd day 👻👻
မြို့ထဲ လည်မယ်ဆိုတော့ (၉း၃၀ AM ) လောက် hotel ကထွက်မယ် စဉ်းစား ထားပါတယ်။ Breakfast အတွက်
( ၈း၃၀ AM) လောက်သွားစားပါတယ်၊ Twins တို့တည်းတဲ့ hotel ရဲ့ breakfast ထဲမှာ chocolate croissant ကို
အကြိုက်ဆုံးပါ နူးညံပြီးအိဆက်နေတာပဲ photo ရိုက်ဖို့တော့မေ့သွားတယ် 😑😑
မြို့ထဲလည်ရင် free walking tour နဲ့လဲ join နိုင်ပါတယ် Europe က free walking tours တွေခေတ်စားပါတယ် English or Spanish language တွေနဲ့ အဓိက communicate လုပ်ပါတယ် tour ပြီးသွားရင် tips ပေးရပါတယ် မပေးလဲရပါတယ် ပေးတာကတော့ကောင်းတာပေါ့ 😊😊၊ မြန်မာမှာလဲ free walking tour ရှိပါတယ်
အရင်တုန်းက florence main landmarks တွေကို tour နဲ့ ပဲ join ပြီးသွားမယ်ပေါ့ ဒါပေမဲ့ self tour ပဲလုပ်တော့မယ်
ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ် Architecture နဲ့ပတ်သက်ပြီးစိတ်ဝင်စားရင် အသေးစိတ်လည်ပတ်စရာတွေများပါတယ်၊
( The Basilica di San Lorenzo - one of the largest churches of Florence )
Hotel နဲ့အနီဆုံးသွားကြည့်ရမဲ့ နေရာက Medici 🕍 Chapel (Cappelle Medicee) ပါ၊ free entry ဖြစ်ပြီး အထဲမှာ ကျယ်ဝန်းပါတယ် open type ပါ visitors တွေသိပ်များပါ၊ worship လုပ်တဲ့နေရာများစွာထဲက တစ်နေရာပါ၊ အဲ့မှာလေ့လာပြီး
museums တွေလဲများပါတယ် museums တွေထဲဝင်မယ်ဆို tickets တွေကြိုဝယ်ထားရပါတယ် ( holidays season) Museums ထဲတော့ twins တို့မဝင်ခဲ့တော့ပါ၊ Historic walking area အတိုင်း လျှောက်ရင် အဓိကသွားရမဲ့ places တွေကိုရောက်ပါတယ် လမ်းတလျှောက် ဆိုင် တွေကြီးပဲ local stores တွေများပါတယ် local stores ဆိုပေမဲ့ brands တွေကြီးပဲ 😍😍
( Piazza del Duomo )
သူတို့ရဲ့ leather market ကိုလဲဝင်လည်နိုင်ပါတယ် twins တို့၂ယောက်က leather အနံ မခံနိုင်ပါဘူး ဒါကြောင့် leather market ထဲမဝင်ပဲဘေးကပတ်ခဲ့ရတယ်. Market အထွက်နားမှာ Boar fountain statue ( Fontana del Porcellino) ရှိပါတယ် . Bronze နဲ့လုပ်ထားတာပါ ၊ Boar ပါးစပ်ထဲ ပိုက်ဆံ အကြွေစေ့ပစ်ထဲ့ပြီး ကျလာတဲ့အကြွေစေ့ကိုဆောင်ထားရင် Good fortune တွေကို သယ်ဆောင်ပေးတယ်လို့သိရပါတယ်၊ အကြွေစေ့က သံပန်းအောက်ခြေကိုကျသွားရင်
နောက်တခါထဲ့ရပါတယ်၊
(Boar fountain statue - Fontana del Porcellino)
(David by Michelangelo)
( Hercules and Cacus ) ( Perseus with the head of Medusa)
( Loggia dei Lanzi - Outdoor museum )
Europe နိုင်ငံတွေကတော့ အနုပညာတော်တော်မြောက်တဲ့ အဆောက်အဦးတွေ ရုပ်ထုတွေ နဲ့ပြည်နက်နေတာပဲ ၊ Hanmade items လေးတွေကလဲလှမှလှ Florence မှာ pinocchioအရုပ်တွေကို souviner ရောင်းတာများတယ် နောက်ပြီး handmade ဖန်ချက်ရုပ်လေးတွေ , handmade jewelry တွေ , leathers တွေများပါတယ် ပြီးရင် Gelato (italian ice cream) တွေ, spagahtti , pizza တွေများများစား 😁😁 Gelato က very soft ဖြစ်တယ် ice သိပ်များဘူး
နောက်ပြီး လမ်းတလျှောက် street artists တွေများတယ် သူတို့အနုပညာကို ပြသတယ်ပေါ့ street painting တွေ တစ်ကိုယ်တော် music show တွေ group music show တွေများမှများ ကိုယ်တွေက painting ကြိုက်တော့
အဲ့ဘက်ပဲသွားကြည့်တယ်😆 တော်လည်းတော်ကြပါတယ်🤗
နောက်တစ်ခုက window shopping ဆိုတော့ မျက်စိကို မအားရဘူး 😂😂 အဲတာနဲ့ဆက်လျှောက်ရင်း one of the world famous bridge ဖြစ်တဲ့ Ponte Vecchio ကိုရောက်သွားပါတယ် ဒီ bridge က WW II တုန်းက ၁ခုထဲသော အဖျက်စီးမခံရတဲ့ တံတားပါ
(Ponte Vecchio - Bridge)
(Arno River view from Ponte Vecchio )
တံတားတလျှောက် ဈေးအကြီးဆုံး jewelry ဆိုင်တွေကိုတွေ့ရမှာပါ များသောအားဖြင့် handmade တွေပါ desings တွေကလဲ ထူးထူးခြားခြားလေးတွေ ပါတယ်လှလဲလှတယ် 😍😍 bridge ကနေဆက်သွားရင် Pitti Palace ကိုရောက်ပါတယ် အထဲကိုဝင်မယ်ဆိုရင် ticket ဝယ်ရပါမှာ ကိုယ်တွေရဲ့ destination ကပြီးပါပြီ
(Pitti Palace)
ကြားထဲမှာ ရောက်ခဲ့တဲ့နေရာတွေက Piazza Santa Croce ( one of most famous church in Florence) ပါ အဲ့နေရာမှာ Michelangelo , Galileo တို့ကိုမြုပ်နှံခဲ့ပါတယ် Palazzo Vecchio (Museum and historic building) ခရီးစဉ်လေးကတော့ နေ့လည် ၂ နာရီကျော်လောက် pitti palace မှာပြီးသွားပါတယ် museums တွေထဲတော့မဝင်ဘူးပေါ့နော်
၂နာရီနောက်ပိုင်းကတော့ ကိုယ်တွေရဲ့ shopping time ပါ၊ Shopping ထွက်ရင်းနဲ့ ဈေးနှုန်းချိုသာတဲ့ Italy Cosmetics brand တစ်ခုကိုတွေ့ပါတယ် " Kiko Milano "ဆိုတဲ့ brandပါ၊ Italy မှာတော့
ဈေးနှုန်းတော်တော်သက်သာပါတယ် € 7 လောက်နဲ့ lip stick ၁ချောင်းရပါတယ် Italy ရောက်ရင်တော့ check ကြည့်သင့်တဲ့ brand ပါ 😘😘 နောက်၁ခု ကshoe brand " Ballerette & ROMA "ပါ ဘဲလေး ဖိနပ် designsလေးတွေရောင်းတဲ့ brand ပါ၊ designs လေးတွေ စုံလင်ပြီး comfort ဖြစ်ပါတယ် 😍
နောက်ပြီး italian and french တွေက တော်တော်စပ်စုတယ် တွေ့တဲ့လူတိုင်း where are you from ပဲမေးနေတာ 😑😑 friendly ဖြစ်တယ်ပေါ့ကိုယ်တွေ က Myanmar လို့ပြောရင် တစ်ချို့က မသိကြဘူး Burma or bermanie လို့ပြောမှသိတယ် 😑
Clothing တွေကလဲ တော်တော်တန်တယ် သူတို့ summer မှာရောင်းတဲ့ designs တွေက ygn weather နဲ့အကိုက်ပဲ
"OVS" clothing brand က H&M, Cotton On , Primark မျိုးပဲ ဈေးနှုန်းလဲသင့်တော်တယ် ပြီးတော့ hotel နားက Piazza Italia (clothing mall) ကိုဝင်ဝယ်ပါတယ် သူတို့ shopping malls တွေက အဝင်ဝလေးကသေးသေးလေး အထဲမှာတော့တခမ်းတနား တွေပါ 😯
ညနေ၇နာရီလောက်မှတော့ ပြန်အနားယူပါပြီ ~
ဒါလေးကတော့ twins တို့ရဲ့ lunch ပါ 😘
Italy မှာ သောက်လို့ကောင်းတဲ့ blueberry juice ပါ 🥂
HOTEL မှ family room မှာ ၃ရက်နေသောအနေဖြင့် present လေးပေးတာပါတဲ့ 🍾😋 Toscana (Tuscany) Wine
လှပသော Florence ( Italy) Firenze သို့အလည်တစ်ခေါက် ခရီးစဉ်
လေးကတော့ဒီမှာတင် ပြီးသွားပါပြီ 😊♥️✨
စာဖတ်သူအားလုံးပဲနှစ်သက်ကြမယ် လို့ မျှော်လင့်ပါတယ် 🤗☘ Wishing you good luck in the coming year ~🌟
dxsad💨
No comments:
Post a Comment