Thursday 29 June 2017

[ Review ] Osatou Kakumei Scrub and Serum Essence


Good Morning XX Happy Sunday ~ 💐
ဒီ၁ပတ်အတွက် japanese skin care product ၂ မျိုးကို review share
ပေးပါမယ်၊ japan နိုင်ငံ Hokkaido မှထွက်တဲ့ Sugar Beet ကို အခြေခံပြုလုပ်ထားတဲ့ Osatou Kakumei scrub ရယ် serum essence ရယ်ပါ ၊
ဒီ scrub က မျက်နှာတင်မက body parts တွေပါ
အသုံးပြုလို့ရပါတယ် ၊ အညွှန်းစာရွက်တွေပါ ပါတယ်၊
Sugar Beets ရဲ့ benefits က အသားခြောက်တာကိုmoisturize ပေးပြီး ဝက်ခြံ တင်းတိတ် မှည့်ခြောက် anti-aging များကို လည်း ကာကွယ်ပေးတယ်လို့ရေးထားပါတယ်




《Scrub》
30 g plastic ဗူး ပြားလေးနဲ့လာပါတယ် ၊ no plastic coated or sealed ၊ အခြား scrub ဗူးတွေထက်တော့သေးပါတယ် ၊ ပုံလေးတွေနဲ့ ပြထားပါတယ် 😊 အသုံးပြုရတာတော့ scrub သုံးသလိုမျိုးပါပဲ၊ 




sugar scrub ဖြစ်လို့ အသားထဲစိမ့်ဝင်စေပြီးရေနဲ့ထိရင်လဲအမြန်ပျော်ဝင်ပါတယ်၊ salt scrub တွေလိုမျိုးမကြမ်းပါဘူး ၊ အညွှန်းစာရွက်မှာပါတဲ့အတိုင်းအသုံးပြုနိုင်သလို အမတို့ရဲ့ အသုံးပြုတဲ့နည်းကတော့ မျက်နှာကိုရေဖြင့်အရင်သစ်ပြီး scrub တွေကို မျက်နှာ အနှံတို့လိုက်ပါတယ် ပြီးမှ ၂မိနစ်အတွင်းဖြည်းဖြည်းချင်း massage လုပ်ပေးပါတယ် နောက်တော့မှရေဖြင့်မျက်နှာဆေးချလိုက်ပါတယ် ၊ luke warm water ဆိုပိုကောင်းပါတယ် ( japanese တွေက ရေနွေးနဲ့ရေချိုးတာပဲဖြစ်ဖြစ်မျက်နှာသစ်တာပဲဖြစ်ဖြစ်
အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးတယ်လို့ပြောပါတယ် )
မျက်နှာလေးနူးညံသွားပြီး ကြည်လာပါတယ် mo more dead cells !!
ဒီ product ကိုနေ့တိုင်းသုံးလဲရပါတယ် ပိုပြီးအကျိုးရှိတယ်လို့တော့ရေးထားပါတယ်၊ အမတို့ကတော့ နေ့တိုင်း မသုံးချင်လို့ ၁ပတ်၂ကြိမ်ညဘက် အသုံးပြုပါတယ် ၊ အနံကပူရှိန်းရှိန်း အနံပါ၊ skin မှာသုံးလိုက်ရင်တော့အနံကသိပ်မရှိတော့ပါဘူး


《Serum Essence》
serum essence လို့ပြောထားပေမဲ့ Toner လို watery type ပါ၊
ဗူးကတော့ တော်တော် သေးပါတယ် 25 ml ပါ
Travel size bottle နဲ့တောင်sizeချင်းတူတယ်
plastic bottle ပါဘဲ ၊ ဒီ product က scrub ပြီးတာနဲ့ အသုံးပြုရတာပါ၊ cotton pad or ဒီအတိုင်းလေးလိမ်းလဲရပါတယ် ၊လိမ်းထားရင် skin ကစိုစိုလေးဖြစ်နေပါတယ် moisture ပေးတာပေါ့၊ japan toner တွေက watery typeများပြီး alchol မပါတာများတယ် ရေလိုပဲ အနံသိပ်မရှိပါ
*နောက်ဆုံးပုံလေးကအကုန်အသုံးပြုပြီး result ပုံပါ :) bare face with Osatou Kakumei skincare products 
ကောင်းချက် : price လဲအသင့်အတင့်ဖြစ်တယ် result လဲမဆိုးဘူး
ဆိုးချက် : None
Repurchase again ? Yes
Package : 3/5
Result : 5/5
Smell : 4/5
Price : 3.5/5
* Products ၂ခုအတွက် rating ပါ
Thanks for your time and hope to see you again ~

No comments:

Post a Comment